mmpostnews

မင်္ဂလာပါ မြန်မာပိုစ့်သတင်း ဘလော့လေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်ခင်ဗျား…. http://mmpostnews.blogspot.com တွင် အကြောင်းတစ်စုံတစ်ရာဖြစ်ပါက(ဥပမာ .. သတင်းအမှား တင်မိပါက) ရေးသားသူ မိမိ technologicaluniversitystudent@gmail.com ၏ တာဝန်သာဖြစ်ပါကြောင်း..…

Friday, November 9, 2012

Back Track 5 Software ဖြင့် Wifi Password Hack နည်း စာအုပ်လေးကို Free Download ဆွဲမယ်

အခု ကျွန်တော် တင်ပေးမယ့်အကြောင်းအရာလေးကတော့ WIFI HACK နည်း မြန်မာလို စာအုပ်လေးပါ။ ဟိုအရင် ကျွန်တော် စသိတုန်းက ဒေါင်းလုတ် ဆွဲခဲ့ပေမယ့် Free မဟုတ်ခဲ့တော့ အခု Free Download လေးကို ကျွန်တော်ပေးပါမယ်။ တစ်ခါတည်း link ကလေးကို ကလစ်လိုက်တာနဲ့ တစ်ခါတည်း ဒေါင်းလုတ်ဆွဲပြီးသား ဖြစ်သွားမှာပါ။ အဲ့ဒီမှာ တစ်ခါတည်း ရှင်းပြထားပါတယ်။ နည်းနည်းရှုပ်မယ်ထင်ရပေမယ့် သူ့အဆင့်နဲ့ သူ ဖတ်ရင်း လေ့လာရင်းနဲ့ ဆိုရင် အဆင်ပြေသွားမှာပါ။
သူကတော့ Back Track 5 ဆော့ဝဲလ် နဲ့ ဟက်တဲ့ စာအုပ်လေးပါ။ လိုချင်တာကို ဒေါင်းဖို့တော့ သူ့စာအုပ်ထဲမှာ ပါတဲ့ link ကလေးတွေကို ကူးပြီး သုံးသွားရင် အဆင်ပြေသွားမယ် ထင်ပါတယ်။ ကျွန်တော်ကတော့ ဆော့ဝဲလ်ကို ဒေါင်းနေတုန်း ဖြစ်ပေမယ့် လိုင်းက သိပ်မကောင်းတော့ ကြာကြာစောင့်နိုင်မှာမဟုတ်တဲ့အတွက် မစမ်းသပ်ရသေးဘူးဆိုတာကိုတော့ ဝန်ခံပါရစေ။
အဲ့ဒီ စာအုပ်လေးကို Download ဆွဲဖို့ အောက်မှာ ပေးထားပါတယ်။
 Brack Track 5 ဆော့ဝဲလ် ကိုတော့ စာအုပ်ထဲမှာ ပြထားတဲ့ နည်းနဲ့ Brack Track 5 ကို ကလစ်ပြီး စာအုပ်ထဲက အတိုင်း Download သွားဆွဲလိုက်ပါ။
စာအုပ်လင့်တွေက အများကြီးရှိပေမယ့် ကျွန်တော်ရရှိခဲ့တဲ့မူရင်းလင့်ကို ဒီနေရာမှာ ကြည့်ရှု့ နိုင်ပါတယ်.။ တခြား လိုအပ်တဲ့ Software လေးတွေကိုတော့ ကျွန်တော့်မှာ အချိန်သိပ်မရတဲ့အတွက် Download ဆွဲဖို့ Link ကလေးတွေ ထည့်ပေးမထားတဲ့အတွက် စာအုပ်ထဲမှာ ပါတဲ့ Link ကလေးတွေကို ကူးယူပြီး ဒေါင်းစေချင်ပါတယ်။နောင်တချိန် ကျွန်တော် အချိန်ရတဲ့အခါ လိုအပ်တဲ့ Download Link ကလေးတွေကို ပြန်ပြီး ပြည့်စုံအောင် ထပ်ပြီး တင်ပေးပါမယ်။ ကျွန်တော်ရဲ့ ဆိုဒ်လေးမှာ တင်ပေးလိုက်တာက နည်းပညာ ဖြစ်တာ နဲ့ Free Download ဆွဲဖို့ အခက်အခဲ ဖြစ်နေတဲ့ သူတွေ အတွက် အခက်အခဲ မရှိအောင် တင်ပေးထားတာ ဖြစ်တဲ့အတွက်တခြားသူ စီးပွားပျက် လောက်အောင် ထိတော့ အသုံးမပြုဖို့ မေတ္တာရပ်ခံချင်ပါတယ်။ နည်းပညာကို တိုးတက်စေချင်တဲ့ စေတနာနဲ့ အချိန်ကုန်ခံ အိပ်ရေးပျက်ခံပြီး တင်ပေးရတဲ့ စေတနာကို နားလည် ပေးစေချင်ပါတယ်။
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာ။။။
Download ရယူရန်
Free Download Wi-Fi Hacking Book
မြန်မာပိုစ့်သတင်း ဘလော့လေးကို 8th NOV,2012 မှာ စတင် တည်ထောင်ခဲ့ပါတယ်….။

1 comment:

  1. airmon-ngပြီးရိုက်တော့ interface တို့အောက်မှာ wlan0 or ath0မကျဘူး ဘာမှလည်းလုပ်ရဘူး ဘာလို့လဲခင်ဗျာ

    ReplyDelete