mmpostnews

မင်္ဂလာပါ မြန်မာပိုစ့်သတင်း ဘလော့လေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်ခင်ဗျား…. http://mmpostnews.blogspot.com တွင် အကြောင်းတစ်စုံတစ်ရာဖြစ်ပါက(ဥပမာ .. သတင်းအမှား တင်မိပါက) ရေးသားသူ မိမိ technologicaluniversitystudent@gmail.com ၏ တာဝန်သာဖြစ်ပါကြောင်း..…

Friday, November 9, 2012

Mobile ဖုန်းမှ အင်တာနက် ရှယ်ယာပေးခြင်း

အင်တာနက်ရရှိသော မိုဘိုင်းဖုန်းမှ တခြားကွန်ပျူတာ, မိုဘိုင်းဖုန်းနှင့်Tablet များထံသို့ အင်တာနက်
ကွန်နက်ရှင်ကို မျှဝေ အသုံးပြုလို့ ရပါတယ်။ အင်တာနက် ရရှိတဲ့ ဖုန်းကနေပြီးတော့ Wi-Fi hotspot တစ်ခု တည်ဆောက်ပေးလိုက်ရင်တော့ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနဲ့ Tablet တွေမှာ အရေအတွက် ရှစ်လုံးအထိ အင်တာနက် မျှဝေ အသုံးပြုနိုင်ပါတယ်။ ပထမဦးဆုံး အင်တာနက် ရရှိတဲ့ မိုဘိုင်းဖုန်းရဲ့ အင်တာနက် ကွန်နက်ရှင်ကို Onပးပါ။ Wi-Fi hotspot တစ်ခု တည်ဆောက်မှာဖြစ်တဲ့အတွက်ကြောင့် ဖုန်းရဲ့ Settings ကို ဖွင့်လိုက်ပါ။ Wireless & networks တွေ့ရင်တော့ Select လုပ်ပါ။ အင်တာနက် ကွန်နက်ရှင်ကို Share ပေးမှာဖြစ်တဲ့ အတွက်ကြောင့် Tethering & portable hotspot ကို ရွေးပေးပါ။ Portable WLAN
hotspot ကို တွေ့ရင်တော့ check box မှာ အမှန်ခြစ်ပြီး Portable WLAN Hotspot Setting ထဲသို့ ၀င်လိုက်ပါ။ အခြား Devices
များနှင့် ချိတ်ဆက်မှာဖြစ်တဲ့အတွက်ကြောင့် မိမိရဲ့ အင်တာနက် ကွန်နက်ရှင် လုံခြုံစိတ်ချရစေဖို့အတွက် Configure WLAN hotspot ထဲကို ၀င်ပြီး
Security Password ပေးရပါမယ်။ Configure WLAN hotspot ထဲမှာ Network SSID, Security, Passwordဆိုပြီး tabs သုံးခုကို တွေ့ရပါမယ်။
Network SSID မှာ မိမိစိတ်ကြိုက် SSID NAME ပေးလို့ ရပါတယ်။ Security ထဲမှာတော့ WPA2 PSK ကို ရွေးပေးလိုက်ပါ။ Password ကတော့ မိမိ
စိတ်ကြိုက်ပေးလို့ ရပြီး အနည်းဆုံး characters အရေအတွက် ရှစ်လုံး အထိ ရိုက်ထည့်ပေးရပါမယ်။ အာလုံးလုပ်ပြီးသွားရင်တော့ Save လုပ်လိုက်ပါ။
တဖက်မှာလည်း အင်တာနက် လက်ခံအသုံးပြုမယ့် မိုဘိုင်းဖုန်းနဲ့ Tablet မှာ WLAN Settingထဲကို ၀င်ပြီး အင်တာနက် လွှင့်ထားတဲ့ SSID
Name ကို တွေ့တာနဲ့ Password ရိုက်ထည့်ပြီး အင်တာနက် အသုံးပြုနိုင်ပါတယ်။ ကွန်ပျူတာနဲ့ အင်တာနက် အသုံးပြုချင်ရင်တော့ ကွန်ပျူတာရဲ့
Control Panel > Network and Internet > Manage Wireless Networks ထဲမှာ အင်တာနက် လွှင့်ထားတဲ့ SSID Name ထဲ ၀င်ပြီး Password
ရိုက်ထည့်ကာ အင်တာနက် အသုံးပြုနိုင်ပါပြီ ခင်ဗျာ။ 
                                                                      မြန်မာပိုစ့်သတင်း(၃)
ဒီပိုစ့်လေးကို ကျွန်တော် ဘယ်ဆိုဒ်က ကူးယူးမိမှန်း မမှတ်မိတော့တဲ့အတွက် မူရင်းပိုစ့် ပိုင်ရှင် အား အနူးအညွှတ်တောင်းပန်ပါတယ်ခင်ဗျား...။ အကယ်ရ်ျ ဆိုဒ်လိပ်စာအား သိရှိပါက ကွန့်မန့်ဘောက်မှာ ရေးထားခဲ့စေချင်ပါတယ်...။ ကျွန်တော် ပြန်တင်ပေးဖို့အတွက်ပါ
မြန်မာပိုစ့်သတင်း ဘလော့လေးကို 8th NOV,2012 မှာ စတင် တည်ထောင်ခဲ့ပါတယ်….။

No comments:

Post a Comment