mmpostnews

မင်္ဂလာပါ မြန်မာပိုစ့်သတင်း ဘလော့လေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်ခင်ဗျား…. http://mmpostnews.blogspot.com တွင် အကြောင်းတစ်စုံတစ်ရာဖြစ်ပါက(ဥပမာ .. သတင်းအမှား တင်မိပါက) ရေးသားသူ မိမိ technologicaluniversitystudent@gmail.com ၏ တာဝန်သာဖြစ်ပါကြောင်း..…

Friday, November 9, 2012

အချိန်မဖြုန်းတီးမိစေဖို့

အားလုံးပဲ မင်္ဂလာပါ
ကျွန်တော်ကတော့ မြန်မာအိုင်တီနည်းပညာဆိုဒ်မှ စာရေးသူ ဒေါက်တာ မိုးဆက် ပဲ ဖြစ်ပါတယ်။
ကျွန်တော် ပြောပြမယ့်အကြောင်းအရာလေးကတော့ အချိန်ကို ဖြုန်းတီးနေတက်တဲ့သူတွေ အတွက်
အသိရစရာလေးကို ပြောပြပါမယ်
facebook က သူငယ်ချင်းတစ်ယောက်တင်ထားတာ တွေ့လိုက်လို့ပါ..။
ပုံလေးပဲ ဖော်ပြပါမယ်....။
          
ဒီပုံလေးကို Facebook က သူငယ်ချင်းတစ်ယောက်တင်ထားတာတွေ့လို့ ပြန်လည် တင်ပြပေးလိုက်ခြင်းဖြစ်ပါတယ်...။
                                                                                            မြန်မာပိုစ့်သတင်း(၄)
မြန်မာပိုစ့်သတင်း ဘလော့လေးကို 8th NOV,2012 မှာ စတင် တည်ထောင်ခဲ့ပါတယ်….။

Mobile ဖုန်းမှ အင်တာနက် ရှယ်ယာပေးခြင်း

အင်တာနက်ရရှိသော မိုဘိုင်းဖုန်းမှ တခြားကွန်ပျူတာ, မိုဘိုင်းဖုန်းနှင့်Tablet များထံသို့ အင်တာနက်
ကွန်နက်ရှင်ကို မျှဝေ အသုံးပြုလို့ ရပါတယ်။ အင်တာနက် ရရှိတဲ့ ဖုန်းကနေပြီးတော့ Wi-Fi hotspot တစ်ခု တည်ဆောက်ပေးလိုက်ရင်တော့ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနဲ့ Tablet တွေမှာ အရေအတွက် ရှစ်လုံးအထိ အင်တာနက် မျှဝေ အသုံးပြုနိုင်ပါတယ်။ ပထမဦးဆုံး အင်တာနက် ရရှိတဲ့ မိုဘိုင်းဖုန်းရဲ့ အင်တာနက် ကွန်နက်ရှင်ကို Onပးပါ။ Wi-Fi hotspot တစ်ခု တည်ဆောက်မှာဖြစ်တဲ့အတွက်ကြောင့် ဖုန်းရဲ့ Settings ကို ဖွင့်လိုက်ပါ။ Wireless & networks တွေ့ရင်တော့ Select လုပ်ပါ။ အင်တာနက် ကွန်နက်ရှင်ကို Share ပေးမှာဖြစ်တဲ့ အတွက်ကြောင့် Tethering & portable hotspot ကို ရွေးပေးပါ။ Portable WLAN
hotspot ကို တွေ့ရင်တော့ check box မှာ အမှန်ခြစ်ပြီး Portable WLAN Hotspot Setting ထဲသို့ ၀င်လိုက်ပါ။ အခြား Devices
များနှင့် ချိတ်ဆက်မှာဖြစ်တဲ့အတွက်ကြောင့် မိမိရဲ့ အင်တာနက် ကွန်နက်ရှင် လုံခြုံစိတ်ချရစေဖို့အတွက် Configure WLAN hotspot ထဲကို ၀င်ပြီး
Security Password ပေးရပါမယ်။ Configure WLAN hotspot ထဲမှာ Network SSID, Security, Passwordဆိုပြီး tabs သုံးခုကို တွေ့ရပါမယ်။
Network SSID မှာ မိမိစိတ်ကြိုက် SSID NAME ပေးလို့ ရပါတယ်။ Security ထဲမှာတော့ WPA2 PSK ကို ရွေးပေးလိုက်ပါ။ Password ကတော့ မိမိ
စိတ်ကြိုက်ပေးလို့ ရပြီး အနည်းဆုံး characters အရေအတွက် ရှစ်လုံး အထိ ရိုက်ထည့်ပေးရပါမယ်။ အာလုံးလုပ်ပြီးသွားရင်တော့ Save လုပ်လိုက်ပါ။
တဖက်မှာလည်း အင်တာနက် လက်ခံအသုံးပြုမယ့် မိုဘိုင်းဖုန်းနဲ့ Tablet မှာ WLAN Settingထဲကို ၀င်ပြီး အင်တာနက် လွှင့်ထားတဲ့ SSID
Name ကို တွေ့တာနဲ့ Password ရိုက်ထည့်ပြီး အင်တာနက် အသုံးပြုနိုင်ပါတယ်။ ကွန်ပျူတာနဲ့ အင်တာနက် အသုံးပြုချင်ရင်တော့ ကွန်ပျူတာရဲ့
Control Panel > Network and Internet > Manage Wireless Networks ထဲမှာ အင်တာနက် လွှင့်ထားတဲ့ SSID Name ထဲ ၀င်ပြီး Password
ရိုက်ထည့်ကာ အင်တာနက် အသုံးပြုနိုင်ပါပြီ ခင်ဗျာ။ 
                                                                      မြန်မာပိုစ့်သတင်း(၃)
ဒီပိုစ့်လေးကို ကျွန်တော် ဘယ်ဆိုဒ်က ကူးယူးမိမှန်း မမှတ်မိတော့တဲ့အတွက် မူရင်းပိုစ့် ပိုင်ရှင် အား အနူးအညွှတ်တောင်းပန်ပါတယ်ခင်ဗျား...။ အကယ်ရ်ျ ဆိုဒ်လိပ်စာအား သိရှိပါက ကွန့်မန့်ဘောက်မှာ ရေးထားခဲ့စေချင်ပါတယ်...။ ကျွန်တော် ပြန်တင်ပေးဖို့အတွက်ပါ

Back Track 5 Software ဖြင့် Wifi Password Hack နည်း စာအုပ်လေးကို Free Download ဆွဲမယ်

အခု ကျွန်တော် တင်ပေးမယ့်အကြောင်းအရာလေးကတော့ WIFI HACK နည်း မြန်မာလို စာအုပ်လေးပါ။ ဟိုအရင် ကျွန်တော် စသိတုန်းက ဒေါင်းလုတ် ဆွဲခဲ့ပေမယ့် Free မဟုတ်ခဲ့တော့ အခု Free Download လေးကို ကျွန်တော်ပေးပါမယ်။ တစ်ခါတည်း link ကလေးကို ကလစ်လိုက်တာနဲ့ တစ်ခါတည်း ဒေါင်းလုတ်ဆွဲပြီးသား ဖြစ်သွားမှာပါ။ အဲ့ဒီမှာ တစ်ခါတည်း ရှင်းပြထားပါတယ်။ နည်းနည်းရှုပ်မယ်ထင်ရပေမယ့် သူ့အဆင့်နဲ့ သူ ဖတ်ရင်း လေ့လာရင်းနဲ့ ဆိုရင် အဆင်ပြေသွားမှာပါ။
သူကတော့ Back Track 5 ဆော့ဝဲလ် နဲ့ ဟက်တဲ့ စာအုပ်လေးပါ။ လိုချင်တာကို ဒေါင်းဖို့တော့ သူ့စာအုပ်ထဲမှာ ပါတဲ့ link ကလေးတွေကို ကူးပြီး သုံးသွားရင် အဆင်ပြေသွားမယ် ထင်ပါတယ်။ ကျွန်တော်ကတော့ ဆော့ဝဲလ်ကို ဒေါင်းနေတုန်း ဖြစ်ပေမယ့် လိုင်းက သိပ်မကောင်းတော့ ကြာကြာစောင့်နိုင်မှာမဟုတ်တဲ့အတွက် မစမ်းသပ်ရသေးဘူးဆိုတာကိုတော့ ဝန်ခံပါရစေ။
အဲ့ဒီ စာအုပ်လေးကို Download ဆွဲဖို့ အောက်မှာ ပေးထားပါတယ်။
 Brack Track 5 ဆော့ဝဲလ် ကိုတော့ စာအုပ်ထဲမှာ ပြထားတဲ့ နည်းနဲ့ Brack Track 5 ကို ကလစ်ပြီး စာအုပ်ထဲက အတိုင်း Download သွားဆွဲလိုက်ပါ။
စာအုပ်လင့်တွေက အများကြီးရှိပေမယ့် ကျွန်တော်ရရှိခဲ့တဲ့မူရင်းလင့်ကို ဒီနေရာမှာ ကြည့်ရှု့ နိုင်ပါတယ်.။ တခြား လိုအပ်တဲ့ Software လေးတွေကိုတော့ ကျွန်တော့်မှာ အချိန်သိပ်မရတဲ့အတွက် Download ဆွဲဖို့ Link ကလေးတွေ ထည့်ပေးမထားတဲ့အတွက် စာအုပ်ထဲမှာ ပါတဲ့ Link ကလေးတွေကို ကူးယူပြီး ဒေါင်းစေချင်ပါတယ်။နောင်တချိန် ကျွန်တော် အချိန်ရတဲ့အခါ လိုအပ်တဲ့ Download Link ကလေးတွေကို ပြန်ပြီး ပြည့်စုံအောင် ထပ်ပြီး တင်ပေးပါမယ်။ ကျွန်တော်ရဲ့ ဆိုဒ်လေးမှာ တင်ပေးလိုက်တာက နည်းပညာ ဖြစ်တာ နဲ့ Free Download ဆွဲဖို့ အခက်အခဲ ဖြစ်နေတဲ့ သူတွေ အတွက် အခက်အခဲ မရှိအောင် တင်ပေးထားတာ ဖြစ်တဲ့အတွက်တခြားသူ စီးပွားပျက် လောက်အောင် ထိတော့ အသုံးမပြုဖို့ မေတ္တာရပ်ခံချင်ပါတယ်။ နည်းပညာကို တိုးတက်စေချင်တဲ့ စေတနာနဲ့ အချိန်ကုန်ခံ အိပ်ရေးပျက်ခံပြီး တင်ပေးရတဲ့ စေတနာကို နားလည် ပေးစေချင်ပါတယ်။
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာ။။။
Download ရယူရန်
Free Download Wi-Fi Hacking Book

Lock ကျနေသော Facebook အကောင့် ပြန်ယူချင်ရင်

Lock ကျနေသာ Facebook အကောင့် ပြန်ယူနည်း

လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာကောင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ
်။ ဒါကြောင့် အကောင့်သစ်သုံးနေရပြီး မူလအကောင့်ကို ပြန်လိုချင်သူများ အောက်ပါအတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။

အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ် ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။ ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။

ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။

၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထားတာ သိပ်မရှိပါဘူး။ အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့ သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။

ဒါကြောင့် Account ကို Log In ဝင်ရန် Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့် ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။

ဒါဆို Log In ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါတယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်ရောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။

ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။ ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။
အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။

သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။ တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။

ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲသင့် သေးပါဘူး။ သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။ အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။
ဒါကြောင့် ယခင်က ဖော်ပြပေးတဲ့ အောက်ပါလခ့်က စာတွေကို ပြန် လည်ဖတ်ရှုစေလိုပါတယ်။
https://www.facebook.com/photo.php?fbid=335333229891645&set=a.244639595627676.56112.244608038964165&type=1&ref=nf

အောင်ခမ်း(International news for myanmar)
http://techspacejournal.blogspot.com/2012/08/lock-facebook.html 

http://mmittechnology.blogspot.com မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်.....။
                                                                                       မြန်မာပိုစ့်သတင်း(အမှတ်စဉ် ၁)